စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့
စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံစဉ် စက်ရုံမှူးက လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယ ဝန်ကြီးက ပြုပြင်ပြီး စမ်းသပ်လည်ပတ်ခဲ့သည့် အလုပ်ရုံများ ရှိ စက်ပစ္စည်းကိရိယာများ ချို့ယွင်းပျက်စီးမှုမရှိစေရေး အတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် စမ်းသပ်လည်ပတ်ခြင်းများကိုလည်း အပတ်စဉ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားပါသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဒုတိယအဆင့် ရေတွန်းအလုပ်ရုံ ကျောက်မီးသွေးအလုပ်ရုံ ရေသန့်စင်အလုပ်ရုံနှင့် ဂါလန် ၄၆ သိန်းဆန့် ရေကန်တို့အား သန့်ရှင်းရေးပြုလုပ်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပါသည်။
ဇူလိုင်လ ၁၄ ရက်နေ့နံနက်ပိုင်းမှာ ဒုတိယဝန်ကြီးသည် ရေသန့်စင်အလုပ်ရုံမှာ ဘွိုင်လာအတွက် အသုံးပြုမည့်ရေများ ထုတ်လုပ်နိုင်ရေးအတွက် စစ်ဆေးပြုပြင်မှုဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။