စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ၂၀၂၄ ခုနှစ် ဧပြီးလ ၁၇ ရက်နေ့ တွင် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့ရောက်ရှိပြီး
စက်ရုံရှင်းလင်းဆောင်တွင် စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ စက်ရုံစီမံကိန်းလုပ်ငန်းများ စတင် ဆောင်ရွက်နေမှု ကုန်ကြမ်းများရရှိမှု သံစိမ်းထုတ်လုပ်မှုနည်းစဉ် တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် ရရှိသည့် ရန်ပုံငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်းပြီးစီးရေးအတွက် စီမံချက်ချဆောင်ရွက်သွားရန် ၊ ရရှိ ထားသည့် ဘဏ္ဍာငွေများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန် သံသတ္တုရိုင်းများ တူးဖော်ရာမှာ Mine Design များနှင့်အညီ တူးဖော်ဆောင်ရွက်ရန်၊ စက်ရုံအတွက် လိုအပ်သည့် ပညာ ရှင်များအား မွေးမြုလေ့ကျင့်သင်ကြားပေးရန် ဝန်ထမ်းများအနေဖြင့် နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြင့် လုပ်ငန်းတာဝန်များကို ကြေပွန်စွာ ထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။