စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ၂၀၂၄ ခုနှစ် ဧပြီးလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့
ရောက်ရှိစဉ် ရေသန့်စင်အလုပ်ရုံ၊ အောက်စီဂျင်အလုပ်ရုံ၊ စက်မှုလုပ်ငန်းပြုပြင်ရေးအလုပ်ရုံ၊ မီးခံအုတ်များ၊ စက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
စက်ရုံ၏ ထုတ်လုပ်မှု လုပ်ငန်းများ ရပ်တန့်မှုမရှိစေရေး ကြိုးစား ဆောင်ရွက်ကြရန်၊ အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်မှု ရပ်တန့်ခဲ့ပါက အမြန်ဆုံးပြန်လည် စတင်လည်ပတ်နိုင်ဖို့အတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများ ကြိုတင်ဖြည့်ဆည်းထားရန်၊ ဒါအပြင် မမျှော်မှန်းနိုင်သည့်ကိစ္စများအတွက်လည်း ကြိုတင်စီမံဆောင်ရွက်ထားရန် ၊ ယခုနှင့် ဘဏ္ဍာငွေ လျာထားချက်ပြည့်မီအောင်ထုတ်လုပ်မည့် အစီအမံများကို လက်တွေ့ကျကျ ရေးဆွဲရန် စက်နှင့်စက်ပစ္စည်း ကုန်ကြမ်းဝယ်ယူရာတွင်လည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျဆောင်ရွက်ကြရန်၊ ဝယ်ယူသည့် ပစ္စည်းများ၏ အရည်အသွေးပြည့်မီရေးအတွက် တတိယအဖွဲ့အစည်းဖြင့် စစ်ဆေးဆောင်ရွက်ရန်၊ စက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုအပ်နှံရာတွင်လည်း ကျွမ်းကျင်အဖွဲ့အစည်း များ အင်ဂျင်နီယာဝန်ဆောင်မှုလက်မှတ်ရရှိသည့်အဖွဲ့များသို့ စိစစ်ရွေးချယ်အပ်နှံဆောင်ရွက်ရန် ၊ ဝန်ထမ်းများအား နှစ်သစ်တွင် စိတ်သစ်လူသစ် ဖြင့် လုပ်ငန်းများကိုကြိုစားဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက် ပေးခဲ့ပါကြောင်း သိရှိရပါသည်။