စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့ရောက်ရှိပြီး

စက်ရုံအစည်းအဝေးအခန်းမတွင် စက်ရုံမှူးနှင့် အရာထမ်းများ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ငွေလုံးငွေရင်းဆိုင်ရာ ထုတ်ပြန်ချက်များနှင့်အညီ စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း မှာကြားပါတယ်။

အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံး လျာထားချက်များ ရေးဆွဲရာတွင် လိုက်နာရမည့်အချက်များကိုလည်းကောင်း စက်ရုံမှူးက စက်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေးပေးပါသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ကြီးကြပ်ရေးမှူးနှင့်အဖွဲ့အား တွေ့ဆုံပြီး MSME ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေများကို ရေးဆွဲထားပြီးဖြစ်၍ စာရင်းဇယားများ တိကျမှန်ကန်စေရေး၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်စေရေး မှာကြားပါသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။