စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် ၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ရောက်ရှိပြီး
စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လျာထားချက်ပြည့်မှီအောင် ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ ကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ သံရည်ကျို အလုပ်ရုံနှင့် အထောက်အကူပြုအလုပ်ရုံ တို့ရှိ စက်ပစ္စည်းကိရိယာများကို စဉ်ဆက်မပြတ် ပြုပြင်ထားရန်လိုအပ်ပါကြောင်း မှာကြားပါတယ်။
အဲ့ဒီနောက် သံရည်ကျိုလုပ်ငန်းဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီးကုန်ထုတ်လုပ်မှုဆောင်ရွက်နေသည့် ဝန်ထမ်းများအား အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဆေးဝါးစက်ရုံ BPI မှ ထုတ်လုပ်သည့် ဓါတ်ဆားရည်ဘူးများကို ပေးအပ်ပါတယ်။ ဆက်လက်ပြီး တန် ၁၂၀ ထုံးကျောက်ထုတ်လုပ်ရေးအလုပ်ရုံတွင် စက်ပစ္စည်းများ စစ်ဆေးပြုပြင်မှုဆောင်ရွက်နေမှုအခြေအနေများနှင့် Cold Box Structure ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
